မန္တလေးက ကြိုးဖုန်းတွေ နံပတ်ပြောင်းရမယ်



MPT အနေဖြင့် ပိုမိုကောင်းမွန်သည့်အရည်အသွေးနှင့် ခေတ်မီ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ တပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။ 
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးအိတ်ချိန်း နှင့် ဈေးချိုအိတ်ချိန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ခေတ်မီအိတ်ချိန်းစက်များ နှင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များလည်း အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။




အဆိုပါ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများအနေဖြင့် ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကို ၂၀၁၈ ခုနှစ် မတ်လ အကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိ နံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

Source - MPT

Comments