ဘဲဥ သီးစုံပဲကုလားဟင်းချက်နည်း



ဒီနေ့ချက်တဲ့ ဘဲဥ သီးစုံပဲကုလားဟင်းပါ။
ပဲကုလားဟင်း ကျက်ခါနီးမှာ ဘဲဥထည့်လိုက်တာပါ။
ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါ။ ကဲ… ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ
----------------
ဘဲဥ - ၅ လုံး(ကျက်အောင်ပြုတ်ပြီး ခြမ်းထားပါ)
ကုလားပဲခြမ်း- ၁၀ ကျပ်သား
အာလူး - ၃ လုံး
ခရမ်းသီး - ၂ လုံး
မုန်လာဥ - ၁ လုံး
ဒန့်သလွန်သီး - ၂ တောင့်
ရုံးပတီသီး - ၅ တောင့်
ကြက်သွန်နီ - ၂ လုံး
ကြက်သွန်ဖြူ - ၅ မွှာ
ငရုတ်သီးအနီတောင့်- ၅ တောင့်
ဆီသတ်ရွက်- ၂ ခက်
ဆီ - အနည်းငယ်
ဆား ။
ကြက်သားမှုန့် ။
ငရုတ်သီးမှုန့် ။
နနွင်းမှုန့် ။
မန်ကျည်းရည် ။
မဆလာ ။

ချက်ပြုတ်နည်း
---------------------------
အရင်ဆုံး ကုလားပဲခြမ်းကို တစ်ညရေစိမ်ထားပါ။
အာလူး၊ခရမ်းသီး၊မုန်လာဥ၊ရုံးပတီသီး၊
ဒန့်သလွန်သီး၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူတို့ကို ရေဆေးလှီးပြီး ငရုတ်သီးမှုန့်၊နနွင်းမှုန့်၊ ဆား၊ ကြက်သားမှုန့်နဲ့
နယ်ထားပါ။
ပြီးရင် ဒန်အိုးထဲ ရေလိုသလောက်ထည့်ပြီး ကုလားပဲခြမ်းကို ပွက်ပွက်ဆူအောင် ပြုတ်ပါ။

ကုလားပဲခြမ်းများ အနည်းငယ်နူးပြီး ကွဲလာလျှင် နယ်ထားတာတွေထည့်ပါ။ဆီအနည်းငယ်ထည့်ပါ။
ရေလိုရင် ထပ်ထည့်ပါ။
ပွက်ပွက်ဆူအောင်တည်ပါ။
ငရုတ်သီးအနီတောင့်ကို နှစ်ပိုင်းလှီးထည့်ပါ။မန်ကျည်းရည်ထည့်ပါ။ အရသာလိုသလိုပြင်ပါ။အာလူး၊ခရမ်းသီးများ နူးပြီး အရသာအဆင်ပြေရင် ဘဲဥထည့်ပြီး ခဏတည်ပေးပါ။ မဆလာ၊ဆီသတ်ရွက်ထည့်ပါ။

အခုဆိုရင် အနံ့မွှေးကြိုင်တဲ့ ဘဲဥ သီးစုံပဲကုလားဟင်းကို ထမင်းပူပူလေးနဲ့
အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ ။

Credit - Kyaw Min Htwe

Comments